Latest Posts
Na share sak sawn ve...

Info Post
ဇိုမီး လူငယ်များ ညီလာခံ
Zosuan Tuailai Khawmpi

၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်
2013 kum Junekha ni 6
တနင်္ဂနွေနေ့
Nipi ni
တီးတိန်မြို့၊ ခုပ် ရာပြည့် ခန်းမ (CCJ Hall) ။
Tedim Khuapi, Cope Centennial Jubilee Hall.


ပထမဆုံးအကြိမ် ဇိုမီး လူငယ်များ ညီလာခံ၏ တီးတိန်မြို့သဘောထားကြေငြာချက်
A Masa pen Zosuan Tuailai Khawmpi, Tedim Tangkona
ပြည်ထောင်စု မြန်မာနိုင်ငံနွယ်ဖွား ဇိုမီးတိုင်းရင်းသား လူငယ်များမှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း ကျင်းပပြုလုပ်သော ပထမဆုံးအကြိမ် ဇိုမီးလူငယ်များ ညီလာခံကြီးအား အောင်မြင်စွာ ကျင်းပရာ မှ အောက်ပါ သဘောထား ကြေညာချက် (၇) ရပ်ကို ထုတ်ပြန်လိုက်သည်။
Kawlgam tualsuak minam khat ahi Zomi khangnote in Zogam (Chin State) saklam a om Tedim khuapi ah 2013 June kha ni 5 pan ni 9 ni dong akibawl a khat vei na Zosuan Tuailai Khawmpi pan anuai a bangin tangkona thu (7) kinei hi.

၁။ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခံရသည့် ချင်းပြည်နယ်အတွက် အထူးဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း တစ်ရပ်ကိုပြည်ထောင်စု အစိုးရမှ ဖော်ဆောင်ပေးရန်။
1. Kawlgam sunga a zawngpen gamke khat in a kiciamteh ahi Zogam (Chin State) adingin a bucing khantohna dingin gambup kumpi in hong vaihawm sak nading.
၂။ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုံး အနိမ့်ဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ပညာရေး အထူးမြင့်တင်ရေး အစီအမံများဖော်ဆောင်ပေးပါရန်နှင့် စာမတတ်မြှောက်သူဦးရေ ဒုတိယအများဆုံးမြို့နယ်ဖြစ်သော တီးတိန်မြို့နယ် အတွက် ရေရှည်သဘောဆောင်သော ပညာရေးအထူး စီမံကိန်းတစ်ရပ် စီစဉ်ဆောင်ရွက်ပေးပါရန်။
2. Kawlgam sungah Tan 10 ong atawmpen ahi Zogam (Chin State) ading in pilsinna ah a tuam vilvel in khantohna hong vaihawm sak nang leh laitheilo mimal atampen nihna khua ahi Tedim kuam a ding in pilsinna tawh kisai khantohna dingin hunsau gelna hong neihsak nading.
၃။ ချင်းပြည်နယ်တွင် လူဦးရေအများဆုံးဖြစ်သော တီးတိန်မြို့နယ်အား ချင်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံး၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်သွက်လက်စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရိုင်အဆင့် သတ်မှတ်ပေးပါရန်။
3. Zogam (Chin State) ah mimal atampen tenna Tedim khuapi pen Zogam saklambup (Northern Chin State) kizopna, kumpi zum nasep na te amanlang zawk theih nading leh abucing khantohna ding in District ciang ah hong piak nading.
၎။ ချင်းပြည်နယ် အတွင်းရှိ မြွေတောင်နီကယ်သတ္တု စီမံကိန်းအား ဒေသခံလူထု၏ ဆန္ဒသဘောထားနှင့် အညီ ဆိုင်းငံ့ပေးပါရန်။
4. Zogam (Chin State) sunga om Gullu Mual sikngo toh nading ( Mwetaung Nickel Project) vaihawm na pen tualsuak mipi deihna tawh kituakin hong dinkhawl phot nang.
၅။ ဒေသခံပြည်သူလူထုများ၏ တည်ငြိမ်အေးချမ်းရေးကို ထောက်ရှုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော် မှအပ အခြားမည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံး ဖွင့်ခြင်း သွားလာလှုပ်ရှားခြင်း များအား အမြန်ဆုံးဖယ်ရှားပေးပါရန်။
5. Amun amual a om tualsuak mite lungmuanna khualna in, kumpi palik leh kumpi galkapte a hilo adang thautawi kipawlna tuamtuam te i kizopna zum honna leh gam sungah sungtum pusuah nate, a manlangpen in hong hepkhiatsak nang.
၆။ ချင်းပြည်နယ် အစိုးရ၏စီမံချက်တစ်ခုဖြစ်သည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဆောင်ရွက်မှုများအား ပိုမိုထိရောက် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်
6. Zogam (Chin State) kumpi i vaihawmna khat ahi, zavom ciinna abei nading vaihawm nate aman langpen leh muibun takin hong vaihawm nang.
၇။ တိုင်းရင်းသားစာပေ သင်ကြားခွင့်အား သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် သတ်မှတ်ပြီး ကျောင်းချိန်တွင်း ဘာသာရပ် တစ်ခုအဖြစ်သင်ကြားခွင့်ပြုပါရန်
7. Minam lai sin theihna ding phalna pen kumpi sanglai sinna hun sungah khatin hong helsak nading.

၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်
တနင်္ဂနွေနေ့
တီးတိန်မြို့၊ ခုပ် ရာပြည့် ခန်းမ၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံ
Tedim Khuapi, Cope Centennial Jubilee Hall.
 
TOP HOME