Info Post
ချင်း​ပြည်နယ်က ဇိုမီး​တိုင်း​ရင်း​သား​ ပါတီတခုဖြစ်တဲ့​ ဇိုမီး​ဒီမိုက​ရေစီအဖွဲ့​ချုပ် (Zomi Congress for Democracy) ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဇူလိုင် ၅ ရက်​နေ့​ ​နေ့​စွဲနဲ့​ ပါတီတည်​ထောင်ခွင့်​ ပြုလိုက်ပါတယ်။

ပါတီတည်​ထောင်ခွင့်​ရပြီး​တဲ့​နောက် ရက် ၃၀ အတွင်း​မှာ ပါတီမှတ်ပုံတင်ခွင့်​ ​လေ်ွာက်ထား​ရမှာ ဖြစ်တဲ့​အတွက် ပါတီတည်​ထောင်လိုသူများ​ အား​လုံး​ပါဝင်တဲ့​ အစည်း​အ​ဝေး​တရပ် အမြန်ဆုံး​ခေါ်ယူပြီး​ ပါတီဗဟို​ကော်မတီဝင်နဲ့​ အလုပ်အမှု​ဆောင် အဖွဲ့​ဝင်​တွေကို ​ရွေး​ချယ်ရမယ်လို့​ ပါတီ​ပြောခွင့်​ရ ပူး​ကမ်လမ်ခုပ်က ​ပြောပါတယ်။

ဇိုမီး​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီဟာ မူရင်း​ပါတီအမည်​ဟောင်း​ဖြစ်တဲ့​ ဇိုမီး​အမျိုး​သား​ကွန်ဂရက် ဆိုတဲ့​အမည်နဲ့​ ပါတီတည်​ထောင်ခွင့်​ ​လေ်ွာက်ထား​ခဲ့​ရာမှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဇိုမီး​ဆိုတဲ့​အမည် မြန်မာနိုင်ငံ တိုင်း​ရင်း​သား​အမည်​တွေထဲမှာ မပါဝင်ဘူး​ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ငြင်း​ပယ်ခဲ့​ပြီး​ အမည်သစ် ၃ ခုကို အဆိုပြု​ပေး​ခဲ့​တယ်။

ဒါ​ပေမယ့်​ ဇိုမီး​ပါတီဘက်က ဇိုမီး​ဟာ မြန်မာနိုင်ငံ ချင်း​ပြည်နယ်ထဲမှာ ​ရှေး​ကတည်း​က ​နေထိုင်လာခဲ့​တဲ့​ ​ဒေသခံ တိုင်း​ရင်း​သား​တွေဖြစ်​ကြောင်း​ အ​ထောက်အထား​တွေနဲ့​ ပြန်ပြီး​ တင်ပြခဲ့​တဲ့​အတွက် အခုလို ပါတီတည်​ထောင်ခွင့်​ ကျလာတာလို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ပူး​ကမ်လမ်ခုပ်က ​ပြောပါတယ်။

ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီကို ၁၉၈၈ ခုနှစ် ​အောက်တိုဘာလ ၂၄ ရက်​နေ့​မှာ စတင် ထူ​ထောင်ခဲ့​ပြီး​ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့​ပါတယ်။ အဲဒီ​နောက်ပိုင်း​ နိုင်ငံ​ရေး​ပြဿနာ​ကြောင့်​ ပါတီရုပ်သိမ်း​ခံခဲ့​ရတယ်။

သမ္မတ ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်​ပေါ်​ပေါက်လာပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​တာ၊​ ပါတီစုံဒီမိုက​ရေစီစနစ် ထူ​ထောင်ဖို့​ ကြိုး​စား​လာတဲ့​အတွက် အခုလို ပါတီထူ​ထောင်ခွင့်​ ပြန်တင်ခဲ့​တာဖြစ်ပါတယ်။

တရား​ဝင်အလုပ်အမှု​ဆောင် ​ရွေး​ကောက်တင်​မြှောက်ခြင်း​မပြုခင် အခု​လော​လောဆယ် ပါတီဥက္ကဋ္ဌ အဖြစ် ပူကျင့်​ရှင်း​ထန်၊​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ အဖြစ် ပူစင့်​ကမ်း​လျန်တို့​က ယာယီ​ဆောင်ရွက်​နေပါတယ်။

မြန်မာနိုင်ငံမှာ ချင်း​(ဇိုမီး​) တိုင်း​ရင်း​သား​လူဦး​ရေ​ပေါင်း​ ၃ သိန်း​လောက်ရှိပြီး​ ချင်း​ပြည်နယ် တွန်း​ဇံ၊​ တီး​တိန်၊​ မတူပီ၊​ ကျီခါး​ စတဲ့​မြို့​နယ်​တွေမှာ အများ​ဆုံး​ ​နေထိုင်ကြတယ်လို့​ ဇိုမီး​ပါတီက ​ပြောပါတယ်။ Ref: DVB
 
TOP HOME