ဇိုမိံး လူမျိုး၏နယ်မြေ (ZOMI NAMTE GAM)
တည်နေရာ။ ။ အိန္ဒိယအရှေ့ပိုင်း( mal-sak)နှင့် မြန်မာပြည်အနောက်မြောက်ပိုင်း(
တည်နေရာ။ ။ အိန္ဒိယအရှေ့ပိုင်း( mal-sak)နှင့် မြန်မာပြည်အနောက်မြောက်ပိုင်း(
mal-khang)၊ နေရာဒေသ(sim leh mal)ကိုလိုက်၍ ဟိမ၀န္တာ(Himalaya)တောင်ကြောတလျှောက်မှ ဘင်္ဂံလားပင်လယ်အော်(Bay of Bengal) အနီးထိ၊ တောင်နှင့်မြောက်ကိုလိုက်၍ အိန္ဒိယပြည် မြေပြန့်ဒေသမှ သည်မြန်မာပြည်မြေပြန့်ဒေသ ကြားနေရာ။ ဤတောင်တန်းဒေသများတွင် တိဘက်-မြန်မာခေါ်(Tibeto-Burman)လူမျိုးစုများ နေထိုင်ကြပါသည်။ တိဘက်-မြန်မာ( Tibeto-Burman)ထဲမှ 'ဇိုမိံး' (Zomi)မျိုးနွယ်စုသည် အိန္ဒိယပြည်အင်ဖား(Imphal)မြေပြန့်ဒေသမှ မြန်မာပြည် စစ်တကောင်းအထိ နေထိုင်ပိုင်ဆိုင်ကြ၏။ ၎င်းဒေသ ပင်လျှင် ဇိုမိံး မျိုးဌာနေ(Zogam)ပင် ဖြစ်ပါသည်။
ဇိုမိံး လူမျိုးတို့သည် သက္ကရာဇ် ၁၂ ရာစုဝန်းကျင်တွင် ဇိုဌာနေရှိ ကဘော်ချိုင့်ဝှမ်းဒေသသို့ ရောက်ရှိခဲ့ကြပြီး၊ မျိုးနွယ်စုတစ်စုအနေဖြင့် ဘုရား(God) ဖန်ဆင်းသည့် အချိန်မှစ၍ ဇိုအမျိုးအတွက် ထားခဲ့သည့် ကတိတော်နယ်မြေသည် ဤဇိုဌာနေ ဖြစ်သည့်အပြင် အခြားမျိုးနွယ်စုများ ပါဝင် ပတ်သက်ခြင်းကင်း၍ ဇိုမျိုးသာလျှင် ကြီးစိုးသည့် နေရာဖြစ်သော
ဇိုဒေသ(Zogam) ဖြစ်ရာ ဇိုမြေ(Zogam)သည်လည်း ယင်းသို့ဖြင့် ဖြစ်တည်လာ ခဲ့ပါသည်။ အိမ်နီးချင်းများမှာ မြောက်ပိုင်းတွင် မဏိပူရ( Manipur)နှင့် အာသံပြည်ချချားနယ် (Cachar, Assam, India)၊ တောင်ပိုင်းတွင် ရခိုင်ပြည်(Arakan)နှင့် စစ်တကောင်း(Chittagong,Bangaladesh) တောင်တန်းဒေသ၊ အနောက်ဘက်တွင် တရိပူရနယ် (Tripura,India)နှင့်အရှေ့ဘက်တွင် မြန်မာပြည်အထက်အညာဒေသ စသော နယ်မြေများက ၀န်းရံထားကာ တိတိကျကျ နယ်မြေ သတ်မှတ်ခြင်းဟူ၍ကား မရှိခဲ့ပေ။
ဇိုပြည်(Zogam)သည် အခြားမျိုးနွယ်များနှင့် ရောနှောနေထိုင်ခြင်းမျိုးမရှိပဲ ဇိုမျိုးနွယ်များသာ နေထိုင်သော ပြည်ဖြစ်၏။ ၁၉၈၀ ခုနှစ်ဗြိတိသျှတို့ ၀င်ရောက်သည့် အချိန်မှ စ၍ တီအိုချောင်း(Ciau)၏ ရှေ့ဘက်ခြမ်းကို ချင်းတောင်ဒေသ(Chin Hill)၊ အနောက်ဘက်ခြမ်းကို လူရှိုင်းတောင်ဒေသ(Lushai Hill)၊ မြောက်ဘက်ပိုင်းကိုမူ ကြူရီချမ်းပူလ် ခရိုင်(Churachandpur District) အမည်ပေးခဲ့ပါသည်။ သို့ရာတွင် ၎င်းသုံးဒေသသည် ဇိုပြည်အားလုံးကို မခြုံငုံနိုင်ပေ။ ချင်းတောင်ဒေသတွင် ဇိုမိံး လူမျိုး (Zomi)နှင့် လိုင်မိံး (Laimi) လူမျိုးများ ကြီးစိုး၍၊ လူရှိုင်းတောင်ဒေသတွင်(Lushai Hill) လူရှိုင်းလူမျိုးများ ကြီးစိုးကြသည်။ ယနေ့ လူရှိုင်းတောင်တွင် လူဦးရေ ၉၀၀,၀၀၀ ခန့် နေထိုင်ကာ ချင်းတောင်တွင် လူဦးရေ ၅၀၀,၀၀၀ ခန့် နှင့် ကြူရီချမ်းပူလ်( Churachandpur) ခရိုင်တွင် လူဦးရေ ၂၀၀,၀၀၀ ၀န်းကျင်ခန့် နေထိုင်ပါသည်။ ဇိုပြည်(Zogam) ရှိ့ မြို့ပြများမှာ မြန်မာနိုင်ငံတွင် - တီးတိန်မြို့၊ တွန်းဇံမြို့၊ ထုထ်လိုင်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ ခမ်းပတ်မြို့၊ တမူးမြို့၊ ဟုမ္မလင်းမြို့၊ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ မတူပီးမြို့၊
ကန်ပက်လက်မြို့၊ ပလက်ဝမြို့နှင့် မင်းတပ်မြို့တို့ ဖြစ်ကြသည်။ မီးဇိုရမ်(Mizoram)တွင် - အိုက်ဇောလ်မြို့(Aizawl)၊ လုံးလေမြို့(Lunglei)၊ စိုင်ဟာမြို့(Saiha)၊ လောင်တလိုင်မြို့(Lawngtlai)၊ ချအောင်းသဲမြို့(Chawngte)၊ ချမ်းဖိုင်းမြို့(Champhai)၊ ကိုလစစ်မြို့(Kolasib)၊ ဆာချချစ်မြို့(Serchhip)နှင့် မာမစ်မြို့တို့ဖြစ်ကြပါသည်။ လမ်းကာ( Lamka or Chhurachandpur) ခရိုင်တွင် - လမ်းကာမြို့(Lamka)၊ ထန်းလုံ(Thanlon)၊ စင်ငတ်( Singngat)၊ ပါးဘုမ်(Parbung or tipaimukh)နှင့် ဟင်လက်(Henglep)မြို့တို့ဖြစ်ကြပါသည်။
အကျယ်အ၀န်း။ ။ဇိုပြည်(Zogam)၏ တောင်နှင့်မြောက်အလျားသည် ဧကွေတာ(Equator)မှ လတ္တီကျူး ၂၁.၅၆ ဒီဂရီနှင့် ၂၄.၃၀ ဒီဂရီ ကြားတွင် ရှိပြီး၊ မိုင်ပေါင်း၂၅၀ ခန့်ရှည်လျား မည်ဟု တွက်ဆထား၏။ အရှေ့နှင့်အနောက်သည် လောင်ဂျီကျူး ၉၂.၁၆ဒီဂရီနှင့် ၉၄.၂၀ဒီဂရီကြား၌ တည်ရှိ၍ မိုင်ပေါင်း ၂၂၀ ခန့် ကျယ်ဝန်းပါသည်။ တောတောင်
ထူထပ်သည့်အပြင် ဖြတ်သန်းသွားလာရန် လမ်းခရီး ကောင်းမွန်စွာ မရှိသဖြင့် အကျယ်အ၀န်းကို မိုင်ဖြင့်သော်လည်းကောင်း၊ ကီလိုမီတာဖြင့်သော်လည်းကောင်း တွက်ဆရန်
အလွန်ပင် ခက်ခဲလှပါသည်။ လူရှိုင်းတောင်တန်းသည် ၂၁,၀၈၇ စတုရန်းကီလိုမီတာ၊ ချင်းတောင်သည် ၁၄,၀၀၀ စတုရန်းကီလိုမီတာနှင့် လမ်းကာ(Lamka)ခရိုင်သည် ၄,၅၇၀
စတုရန်းကီလိုမီတာ စသည်ဖြင့် အသီးသီးကျယ်ဝန်းပါသည်။ ဤသုံးဒေသအပြင် ဇိုပြည်၏ အခြားကျယ်ဝန်းသော ပိုင်မြေများရှိသေး၏။ ဇိုမျိုးနွယ်များ၏ စုစုပေါင်းနယ်မြေ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁,၂၄,၅၀၀ ခန့်ဖြစ်ပါသည်။
ဘူမိအနေအထား။ ။ဘူမိပညာရှင် ဒေါက်တာဝုမ်းဆွဏ်(Dr. Vum Son)၏ အမြင်အရ ဇိုပြည်သည်လွန်စွာ သက်နုလှပါသည်။ ကျောက်များသည်လည်း ' sandstone and slate' အမျိုးအစားများသာ ဖြစ်သဖြင့် မိုးရေနှင့်ချောင်းေ။ရများ လွယ်ကူစွာ တိုက်စားနိုင်သော ကျောက်မျိုးဖြစ်၏။ မြေစိုင်မြေခဲများမှာလည်း ခိုင်ခံ့ခြင်းကင်းသဖြင့် မိုးရေသည်
လွယ်လင့်တကူ ၀င်ရောက်နိုင်ပြီး မြေပြိုခြင်းများလွယ်ကူစွာ ဖြစ်ပေါ်နိုင်ပါသည်။ လူရှိုင်းတောင်၏ မြေသက်တမ်းမှာ ကိုလ်ဇောအစ် ဧရာ (Corezoic Era)ဟုခေါ်သော လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀ မှ ၁၅ အချိန်ခန့်က စတင်ဖြစ်တည်သည်ဟု တွတ်ယူထားပါသည်။ ချင်းတောင်တန်းသည် လူရှိုင်းတောင်တန်းထက် ပို၍ သက်ရင့်သည်ဟု
ဆိုကြပါသည်။ ဇိုပြည်၏ မြေအနေအထားသည် ဆွစ်ဇာလန်ပြည်(Switzerland)ရှိ အက်ပ်(Alps)တောင်၏ မြေ ဖလစခ်ျ(flysch)နှင့် အလွန်တူသဖြင့် ဇိုမြေကို 'Zo flysch' ဟူ၍ပင်
တစ်ချို့က ဆိုကြပါသည်။ ဇိုပြည်သည် မြေအောက် သယံဇာတ လွန်ပပ်ပေါကြွယ်မည်ဟု ယုံကြည်ကြပါသည်။ လက်ရှိ ကလေးနယ်ရှိ မြွေတောင်တွင် ခရိုမိုက်နှင့် နီကယ်မြောက်
များစွာ တွေ့ရှိရပါသည်။ လိုင်စတုန်းနှင့် စလိတ်(Linestone and slate)တို့ကိုလည်း တွေ့ရှိရသည်ဟုဆိုပါသည်။
မြေမျက်နှာသွင်ပြင်။ ။ဇိုပြည်သည် တစ်ပြည်လုံးနီးပါး တောတောင်ချိုင့်ဝှမ်းများနှင့် ပြည့်နှက်နေပြီး ယင်းတို့ကို အမျိုးစုံသော သစ်ပင်ပန်းပင်များက လွှမ်းခြုံထားသဖြင့် စိမ်းလန်းစိုပြေ နေပါသည်။ မြင့်မားသော တောင်ထိပ်များကို တိမ်လွှာများအုပ်လေ့ရှိသဖြင့် လွမ်းမောစရာလည်းကောင်း၏။ ၎င်းတောင်များမှ စိမ့်စမ်းရေများလည်း ထွက်ရှိသော
ကြောင့် တောင်ကျော တစ်ခုနှင့်တစ်ခုကြားတွင် တောင်ကျချောင်းများ တသွင်သွင်စီးဆင်းကြပါသည်။ ဇိုပြည်၌ မြေပြန့် အလွန်ပင်ရှားပါး၍ တောင်နှင့်တောင် တစ်ခုကြားရှိ အနည်းငယ်သော မြေပြန့်များတွင် စပါးစိုက်ပျိုးပါသည်။ တစ်ပြည်လုံးတွင် ချမ်းဖိုင်း(Champhai)လယ်ကွင်းသည် အကျယ်ဆုံးဖြစ်ပါသည်။ တောင်နှင့်ချိုင့်များကြားတွင် နေရာ
အလိုက် အင်းအိုင်ငယ်များ ရှိကြပြီး၊ တီအို(Ciau)ချောင်း အထက်ရှိ 'ရိ'(Lih)ရေအိုင်နှင့် ချိဟိမ်းတွီးပွေး(Chhimtuipui)ရှိ 'ပလက်'(Palak)အိုင်တို့သည် အကြီးဆုံးဖြစ်ကြသည်။
မီးဇို(Mizo)ရိုးရာယုံကြည်မှုတွင် မရဏနိုင်ငံ သွားရာလမ်းတွင် 'ရိ'ရေအိုင်ကို ဖြတ်သန်းသွားသည်ဟု ယုံကြည်ကြပါသည်။ ဇိုပြည်တွင် တီးတိန်မြို့နယ်အတွင်းရှိ 'လင်းနူးပါး'(Len Nupa)ဒေသသည် အကောင်းဆုံနေရာတစ်ခုဖြစ်ပြီး ယင်းကို မီးဇိုလူမျိုးများက 'ဘွဏ်နယ်လ်'(Buannel)ဟူ၍ သမုတ်ကြ၏။
ရာသီဥတု။ ။ဇိုပြည်သည် ကမ္ဘာပေါ်တွင် ရာသီဥတု အကောင်းဆုံးဒေသများထဲတွင်ပါဝင်ပါသည်။ ဧကွေတာနှင့် ဥတ္တရယဉ်စွန်းတန်းနှင့်ဒက္ခိဏယဉ်စွန်းတန်းကြားဒေသ၌
တည်ရှိပြီး 'ဆပ်ထရောပီကယ်'(Sub-tropical)ဟုခေါ်သောဒေသဖြစ်သော်လည်း 'အပူပိုင်း'(Tropical)ဒေသဟု အလွယ်ခေါ်ကြပါသည်။ နေရောင်နှင့်မိုး ကောင်းသဖြင့် နွယ်
မြက်သစ်ပင်တို့အတွက် အဆင်ပြေလှပါသည်။ အပူနှင့်အအေးလွန်ကဲခြင်းမရှိသဖြင့် စိုက်ပျိုး၍မဖြစ်ထွန်းသော မျိုးစေ့သီးနှံဟူ၍ မရှိပေ။ ဆောင်းရာသီသည် နိုဝင်ဘာလမှ
ဖေဖော်ဝါရီလအထိ၊ နွေရာသီသည် မတ်လမှ မေလအထိနှင့် မိုးရာသီသည်အရှည်ဆုံးရာသီဖြစ်ပြီး ဇွန်လမှ အောက်တိုဘာလအထိဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် အပူချိန်သည် ဆောင်းကာလတွင် ၁'C မှ ၁၅'C ကြားနှင့် နွေရာတွင် ၂၀'C နှင့် ၃၀'C ကြားတွင် ရှိပါသည်။ မိုးရွာသွန်းနှုန်းမှာ ကောင်းမွန်ပြီး တစ်နှစ်ပတ်လုံး ပျှမ်းမျှ မိုးရေချိန်မှာ
လက်မ ၂၀၀ ခန့် ဖြစ်ပါသည်။
တောင်များ။ ။ဇိုပြည်တွင် မြင့်မားသော တောင်များ အမြောက်အများရှိပါသည်။ ဇိုရာဇ၀င်လာ ထင်ရှားသော တောင်နှစ်ခုမှာ 'ထန်မွလ်'(Thangmual)နှင့် 'လဲင်းတန်'(Lentang)ဖြစ်ပါသည်။ ဇိုတစ်ပြည်လုံးရှိ ထင်ရှားသော တောင်များသည် ချင်းတောင်တွင်တည်ရှိပြီး ချင်းတောင်ရှိ အမြင့်ဆုံးတောင်သည် 'ခေါ်နူး'(Khawnu)ခေါ် '၀ိတူရိယ'(Mt. Victoria)ဖြစ်ပြီး အမြင့်ပေ ၁၀,၄၀၀ ဖြစ်၍ ဒုတိယအမြင့်ဆုံးတောင်မှာ 'ထွမ်းဝူမ်း'(Thuam Vum)ခေါ် 'ကနေဒီ'(Kenedy)တောင် အမြင့်ပေ ၉,၀၀၀ ဖြစ်ပါသည်။
လူရှိုင်းတောင်တွင် အမြင့်ဆုံးတောင်သည် ချချမ်းတွီးပွေး(Chhimtuipui) ခရိုင်ရှိ 'ဖောင်ပွေးဝူမ်း'(Phawngpui Vum) အမြင့်ပေ ၇,၁၀၀ ဖြစ်ပြီး ဒုတိယအမြင့်ဆုံးတောင်သည်
ရှာလ်ကာလ်တန်(Sialkaltang)ရှိ လဲင်းတန်ဝုမ်း(Lenteng Vum) အမြင့်ပေ ၇,၀၅၀ ဖြစ်ပါသည်။ လမ်းကားခရိုင်တွင် အမြင့်ဆုံးတောင်သည် ထန်ချင်း(Thangching vum)အမြင့်
ပေ ၆,၅၅၈ ဖြစ်ပါသည်။ ၎င်းတို့အပြင် အခြားထင်ရှားသောတောင်မြင့်များမှာ ချင်းတောင်တွင်-'ထန်မွလ်'(Thangmual)၊အင်းဘူတ်မွလ်(Innbuk mual)၊လွန်မွလ်(Lunmual)၊
ဘွိုင်းပါးမွလ်(Bawipa mual)၊ အောတရောမွလ်(Awtaraw mual)၊ လင်းတန်(Lentang)၊ တန်မွလ်(Takmual)၊ဆွဏ်းဝုမ်းမွလ်(Suangvum mual)နှင့် ခူမ်းဝုမ်းမွလ်(Khumvum)
တို့ဖြစ်ကြပါသည်။လူရှိုင်းတောင်တွင်- ဆွာတလန်း(Surtlang)၊လာတလန်း(Lurhtlang)၊ ဇိုပွေးတလန်း(Zopui Tlang)၊ ရှာလ်ကာလ်တန်(Siankaltang)၊ဆာကောမွေတွဲတလန်း
(Sakawrhmuituaitlang)၊ ရိအက်တလန်း(Reiek Tlang)နှင့် ဒါ့ပါးမွလ်(Dahpa mual)တို့ဖြစ်ကြပါသည်။ လမ်းကားခရိုင်-လဲင်းတန်(Lengtang)၊ဟယံကွပ်(Hiangkot)၊လုံထွေး
တန်(Lungthul Tang)၊ကိုက်လမ်တန်(Kaihlam Tang)နှင့် ဗန်ဂိုင်တန်(Vangai Tang)တို့ဖြစ်ကြပါသည်။
ဇိုမိံး လူမျိုးတို့သည် သက္ကရာဇ် ၁၂ ရာစုဝန်းကျင်တွင် ဇိုဌာနေရှိ ကဘော်ချိုင့်ဝှမ်းဒေသသို့ ရောက်ရှိခဲ့ကြပြီး၊ မျိုးနွယ်စုတစ်စုအနေဖြင့် ဘုရား(God) ဖန်ဆင်းသည့် အချိန်မှစ၍ ဇိုအမျိုးအတွက် ထားခဲ့သည့် ကတိတော်နယ်မြေသည် ဤဇိုဌာနေ ဖြစ်သည့်အပြင် အခြားမျိုးနွယ်စုများ ပါဝင် ပတ်သက်ခြင်းကင်း၍ ဇိုမျိုးသာလျှင် ကြီးစိုးသည့် နေရာဖြစ်သော
ဇိုဒေသ(Zogam) ဖြစ်ရာ ဇိုမြေ(Zogam)သည်လည်း ယင်းသို့ဖြင့် ဖြစ်တည်လာ ခဲ့ပါသည်။ အိမ်နီးချင်းများမှာ မြောက်ပိုင်းတွင် မဏိပူရ( Manipur)နှင့် အာသံပြည်ချချားနယ် (Cachar, Assam, India)၊ တောင်ပိုင်းတွင် ရခိုင်ပြည်(Arakan)နှင့် စစ်တကောင်း(Chittagong,
ဇိုပြည်(Zogam)သည် အခြားမျိုးနွယ်များနှင့် ရောနှောနေထိုင်ခြင်းမျိုးမရှိပဲ ဇိုမျိုးနွယ်များသာ နေထိုင်သော ပြည်ဖြစ်၏။ ၁၉၈၀ ခုနှစ်ဗြိတိသျှတို့ ၀င်ရောက်သည့် အချိန်မှ စ၍ တီအိုချောင်း(Ciau)၏ ရှေ့ဘက်ခြမ်းကို ချင်းတောင်ဒေသ(Chin Hill)၊ အနောက်ဘက်ခြမ်းကို လူရှိုင်းတောင်ဒေသ(Lushai Hill)၊ မြောက်ဘက်ပိုင်းကိုမူ ကြူရီချမ်းပူလ် ခရိုင်(Churachandpur District) အမည်ပေးခဲ့ပါသည်။ သို့ရာတွင် ၎င်းသုံးဒေသသည် ဇိုပြည်အားလုံးကို မခြုံငုံနိုင်ပေ။ ချင်းတောင်ဒေသတွင် ဇိုမိံး လူမျိုး (Zomi)နှင့် လိုင်မိံး (Laimi) လူမျိုးများ ကြီးစိုး၍၊ လူရှိုင်းတောင်ဒေသတွင်(Lushai Hill) လူရှိုင်းလူမျိုးများ ကြီးစိုးကြသည်။ ယနေ့ လူရှိုင်းတောင်တွင် လူဦးရေ ၉၀၀,၀၀၀ ခန့် နေထိုင်ကာ ချင်းတောင်တွင် လူဦးရေ ၅၀၀,၀၀၀ ခန့် နှင့် ကြူရီချမ်းပူလ်( Churachandpur) ခရိုင်တွင် လူဦးရေ ၂၀၀,၀၀၀ ၀န်းကျင်ခန့် နေထိုင်ပါသည်။ ဇိုပြည်(Zogam) ရှိ့ မြို့ပြများမှာ မြန်မာနိုင်ငံတွင် - တီးတိန်မြို့၊ တွန်းဇံမြို့၊ ထုထ်လိုင်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ ခမ်းပတ်မြို့၊ တမူးမြို့၊ ဟုမ္မလင်းမြို့၊ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ မတူပီးမြို့၊
ကန်ပက်လက်မြို့၊ ပလက်ဝမြို့နှင့် မင်းတပ်မြို့တို့ ဖြစ်ကြသည်။ မီးဇိုရမ်(Mizoram)တွင် - အိုက်ဇောလ်မြို့(Aizawl)၊ လုံးလေမြို့(Lunglei)၊ စိုင်ဟာမြို့(Saiha)၊ လောင်တလိုင်မြို့(Lawngtlai)၊ ချအောင်းသဲမြို့(Chawngte)၊ ချမ်းဖိုင်းမြို့(Champhai)၊ ကိုလစစ်မြို့(Kolasib)၊ ဆာချချစ်မြို့(Serchhip)နှင့် မာမစ်မြို့တို့ဖြစ်ကြပါသည်။ လမ်းကာ( Lamka or Chhurachandpur) ခရိုင်တွင် - လမ်းကာမြို့(Lamka)၊ ထန်းလုံ(Thanlon)၊ စင်ငတ်( Singngat)၊ ပါးဘုမ်(Parbung or tipaimukh)နှင့် ဟင်လက်(Henglep)မြို့တို့ဖြစ်
အကျယ်အ၀န်း။ ။ဇိုပြည်(Zogam)၏ တောင်နှင့်မြောက်အလျားသည် ဧကွေတာ(Equator)မှ လတ္တီကျူး ၂၁.၅၆ ဒီဂရီနှင့် ၂၄.၃၀ ဒီဂရီ ကြားတွင် ရှိပြီး၊ မိုင်ပေါင်း၂၅၀ ခန့်ရှည်လျား မည်ဟု တွက်ဆထား၏။ အရှေ့နှင့်အနောက်သည် လောင်ဂျီကျူး ၉၂.၁၆ဒီဂရီနှင့် ၉၄.၂၀ဒီဂရီကြား၌ တည်ရှိ၍ မိုင်ပေါင်း ၂၂၀ ခန့် ကျယ်ဝန်းပါသည်။ တောတောင်
ထူထပ်သည့်အပြင် ဖြတ်သန်းသွားလာရန် လမ်းခရီး ကောင်းမွန်စွာ မရှိသဖြင့် အကျယ်အ၀န်းကို မိုင်ဖြင့်သော်လည်းကောင်း၊ ကီလိုမီတာဖြင့်သော်လည်းကောင်း တွက်ဆရန်
အလွန်ပင် ခက်ခဲလှပါသည်။ လူရှိုင်းတောင်တန်းသည် ၂၁,၀၈၇ စတုရန်းကီလိုမီတာ၊ ချင်းတောင်သည် ၁၄,၀၀၀ စတုရန်းကီလိုမီတာနှင့် လမ်းကာ(Lamka)ခရိုင်သည် ၄,၅၇၀
စတုရန်းကီလိုမီတာ စသည်ဖြင့် အသီးသီးကျယ်ဝန်းပါသည်။ ဤသုံးဒေသအပြင် ဇိုပြည်၏ အခြားကျယ်ဝန်းသော ပိုင်မြေများရှိသေး၏။ ဇိုမျိုးနွယ်များ၏ စုစုပေါင်းနယ်မြေ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁,၂၄,၅၀၀ ခန့်ဖြစ်ပါသည်။
ဘူမိအနေအထား။ ။ဘူမိပညာရှင် ဒေါက်တာဝုမ်းဆွဏ်(Dr. Vum Son)၏ အမြင်အရ ဇိုပြည်သည်လွန်စွာ သက်နုလှပါသည်။ ကျောက်များသည်လည်း ' sandstone and slate' အမျိုးအစားများသာ ဖြစ်သဖြင့် မိုးရေနှင့်ချောင်းေ။ရများ လွယ်ကူစွာ တိုက်စားနိုင်သော ကျောက်မျိုးဖြစ်၏။ မြေစိုင်မြေခဲများမှာလည်း ခိုင်ခံ့ခြင်းကင်းသဖြင့် မိုးရေသည်
လွယ်လင့်တကူ ၀င်ရောက်နိုင်ပြီး မြေပြိုခြင်းများလွယ်ကူစွာ ဖြစ်ပေါ်နိုင်ပါသည်။ လူရှိုင်းတောင်၏ မြေသက်တမ်းမှာ ကိုလ်ဇောအစ် ဧရာ (Corezoic Era)ဟုခေါ်သော လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀ မှ ၁၅ အချိန်ခန့်က စတင်ဖြစ်တည်သည်ဟု တွတ်ယူထားပါသည်။ ချင်းတောင်တန်းသည် လူရှိုင်းတောင်တန်းထက် ပို၍ သက်ရင့်သည်ဟု
ဆိုကြပါသည်။ ဇိုပြည်၏ မြေအနေအထားသည် ဆွစ်ဇာလန်ပြည်(Switzerland)ရှိ အက်ပ်(Alps)တောင်၏ မြေ ဖလစခ်ျ(flysch)နှင့် အလွန်တူသဖြင့် ဇိုမြေကို 'Zo flysch' ဟူ၍ပင်
တစ်ချို့က ဆိုကြပါသည်။ ဇိုပြည်သည် မြေအောက် သယံဇာတ လွန်ပပ်ပေါကြွယ်မည်ဟု ယုံကြည်ကြပါသည်။ လက်ရှိ ကလေးနယ်ရှိ မြွေတောင်တွင် ခရိုမိုက်နှင့် နီကယ်မြောက်
များစွာ တွေ့ရှိရပါသည်။ လိုင်စတုန်းနှင့် စလိတ်(Linestone and slate)တို့ကိုလည်း တွေ့ရှိရသည်ဟုဆိုပါသည်။
မြေမျက်နှာသွင်ပြင်။ ။ဇိုပြည်သည် တစ်ပြည်လုံးနီးပါး တောတောင်ချိုင့်ဝှမ်းများနှင့် ပြည့်နှက်နေပြီး ယင်းတို့ကို အမျိုးစုံသော သစ်ပင်ပန်းပင်များက လွှမ်းခြုံထားသဖြင့် စိမ်းလန်းစိုပြေ နေပါသည်။ မြင့်မားသော တောင်ထိပ်များကို တိမ်လွှာများအုပ်လေ့ရှိသဖြင့် လွမ်းမောစရာလည်းကောင်း၏။ ၎င်းတောင်များမှ စိမ့်စမ်းရေများလည်း ထွက်ရှိသော
ကြောင့် တောင်ကျော တစ်ခုနှင့်တစ်ခုကြားတွင် တောင်ကျချောင်းများ တသွင်သွင်စီးဆင်းကြပါသည်။ ဇိုပြည်၌ မြေပြန့် အလွန်ပင်ရှားပါး၍ တောင်နှင့်တောင် တစ်ခုကြားရှိ အနည်းငယ်သော မြေပြန့်များတွင် စပါးစိုက်ပျိုးပါသည်။ တစ်ပြည်လုံးတွင် ချမ်းဖိုင်း(Champhai)လယ်ကွင်း
အလိုက် အင်းအိုင်ငယ်များ ရှိကြပြီး၊ တီအို(Ciau)ချောင်း အထက်ရှိ 'ရိ'(Lih)ရေအိုင်နှင့် ချိဟိမ်းတွီးပွေး(Chhimtuipui)
မီးဇို(Mizo)ရိုးရာယုံကြည်မှုတွ
ရာသီဥတု။ ။ဇိုပြည်သည် ကမ္ဘာပေါ်တွင် ရာသီဥတု အကောင်းဆုံးဒေသများထဲတွင်ပါဝင်
တည်ရှိပြီး 'ဆပ်ထရောပီကယ်'(Sub-tropical)ဟု
မြက်သစ်ပင်တို့အတွက် အဆင်ပြေလှပါသည်။ အပူနှင့်အအေးလွန်ကဲခြင်းမရှိသြ
ဖေဖော်ဝါရီလအထိ၊ နွေရာသီသည် မတ်လမှ မေလအထိနှင့် မိုးရာသီသည်အရှည်ဆုံးရာသီဖြစ်ြ
လက်မ ၂၀၀ ခန့် ဖြစ်ပါသည်။
တောင်များ။ ။ဇိုပြည်တွင် မြင့်မားသော တောင်များ အမြောက်အများရှိပါသည်။ ဇိုရာဇ၀င်လာ ထင်ရှားသော တောင်နှစ်ခုမှာ 'ထန်မွလ်'(Thangmual)နှင့် 'လဲင်းတန်'(Lentang)ဖြစ်ပါသည်။ ဇိုတစ်ပြည်လုံးရှိ ထင်ရှားသော တောင်များသည် ချင်းတောင်တွင်တည်ရှိပြီး ချင်းတောင်ရှိ အမြင့်ဆုံးတောင်သည် 'ခေါ်နူး'(Khawnu)ခေါ် '၀ိတူရိယ'(Mt. Victoria)ဖြစ်ပြီး အမြင့်ပေ ၁၀,၄၀၀ ဖြစ်၍ ဒုတိယအမြင့်ဆုံးတောင်မှာ 'ထွမ်းဝူမ်း'(Thuam Vum)ခေါ် 'ကနေဒီ'(Kenedy)တောင် အမြင့်ပေ ၉,၀၀၀ ဖြစ်ပါသည်။
လူရှိုင်းတောင်တွင် အမြင့်ဆုံးတောင်သည် ချချမ်းတွီးပွေး(Chhimtuipui) ခရိုင်ရှိ 'ဖောင်ပွေးဝူမ်း'(Phawngpui Vum) အမြင့်ပေ ၇,၁၀၀ ဖြစ်ပြီး ဒုတိယအမြင့်ဆုံးတောင်သည်
ရှာလ်ကာလ်တန်(Sialkaltang)ရှိ လဲင်းတန်ဝုမ်း(Lenteng Vum) အမြင့်ပေ ၇,၀၅၀ ဖြစ်ပါသည်။ လမ်းကားခရိုင်တွင် အမြင့်ဆုံးတောင်သည် ထန်ချင်း(Thangching vum)အမြင့်
ပေ ၆,၅၅၈ ဖြစ်ပါသည်။ ၎င်းတို့အပြင် အခြားထင်ရှားသောတောင်မြင့်များ
ဘွိုင်းပါးမွလ်(Bawipa mual)၊ အောတရောမွလ်(Awtaraw mual)၊ လင်းတန်(Lentang)၊ တန်မွလ်(Takmual)၊ဆွဏ်းဝုမ်းမွ
တို့ဖြစ်ကြပါသည်။လူရှိုင်းတော
(Sakawrhmuituaitlang)၊ ရိအက်တလန်း(Reiek Tlang)နှင့် ဒါ့ပါးမွလ်(Dahpa mual)တို့ဖြစ်ကြပါသည်။ လမ်းကားခရိုင်-လဲင်းတန်(
တန်(Lungthul Tang)၊ကိုက်လမ်တန်(Kaihlam Tang)နှင့် ဗန်ဂိုင်တန်(Vangai Tang)တို့ဖြစ်ကြပါသည်။
မြစ်ချောင်းများ။ ။ဇိုပြည်သည် တောတောင်မြစ်ချောင်းများနှင့် ပြည့်နှက်နေပြီး၊' ဂွန်လွေး'မြစ်(Gun Lui)သည် အထင်ရှားဆုံးဖြစ်ပါသည်။ ယင်းကို 'မေတေဂွန်'(Meitei Gun) (၀ါ) 'မဏိပူမြစ်'ဟုခေါ်ကြသူများလည်းရှ
ဇိုမိံးလူမျိုးများ(ZOMI NAMTE)
ဇိုမိံးလူမျိုးများက 'ဇိုဆွမ်း'(Zosuan)ဟုခေါ်သော၊ မီးဇို(Mizo)လူမျိုးများက 'ဇိုနထလပ်'(Zo hnahthlak)ဟုခေါ်သောလူမျိုးများသည် ဗြိတိသျှအစိုးရက မသိမ်းပိုက်မှီတွင် 'တောင်တန်းနေလူရိုင်းများ'(wild hill tribes)ဟု သတ်မှတ်ကြပြီး၊ ပိုင်နက်နယ်မြေကို'စီရင်ကင်းနယ်မြေ'(un-administered area)ဟူ၍ သတ်မှတ်ခဲ့ပါသည်။ ဇိုဆွမ်း(ဇိုမျိုးနွယ်စု) များထဲမှ အနောက်ဘက်ပိုင်းဒေသသို့ စောစွာရောက်နှင့်သူများကို ဘင်ဂလီ(Bengali)နှင့် အာသံသား(Assamese)များက 'ကူကီး'(Kuki)ဟုသတ်မှတ်ခဲ့ကြပါသည်။ ဤမှတ်တမ်းမှာ ၁ ၇၉၂ ခုနှစ်ခန့်က အင်္ဂလိပ်လို ရေးထိုးထားဟန်ရှိပါသည်။ ဗြိတိသျှအစိုးရသည် ၁၈၇၂ ခုနှစ် မတိုင်မှီ မီဇိုပြည်နယ်၊အိန္ဒိယကို စတင်သိမ်းပိုက်စဉ်အခါက ၎င်းဒေသတွင် လူရှိုင်းလူမျိုးအများဆုံးနေထိုင်သဖြင့် လူရှိုင်းတောင်(Lushai Hills)ဟု မှည့်ခေါ်ခဲ့ကြပါသည်။ မြန်မာပြည်ဘက်တွင်မူ ချင်းဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် 'ချင်း'ဆိုသည့် ဝေါ်ဟာရ၏ အဓိပ္ပ္ပ္ပာယ်၊ စတင်ပေါက်ဖွားလာပုံနှင့် မည့်သည့်အချိန်တွင်စတင်ပေါက်ဖွားလာသည်ကို ဂဃနဏ လေ့လာထားခြင်းမရှိသေးပေ။ တစ်နည်းအားဖြင့် 'ဇို'လူမျိုးများကို 'ချုင်း'ဟုခေါ်ကြခြင်းမှာ ဗမာလူမျိုးများခေါ်ကြသည်ကို မွေးစားခြင်းလော သို့တည်းမဟုတ် အင်္ဂလိပ်စစ်တပ်သည် ချင်းတောင်ကိုသိမ်းပိုက်စဉ်က အဦးဆုံးဒေသမှ တွေ့ရှိသော ရွာသူကြီး၏ အမည် ဦးခိုကျင့်(Pu Khaw Cih)ကို အစွဲပြု၍ 'ခိုကျင့်တောင်'(၀ါ)'ကျင့်တောင်'(Khaw Cin hills/Cin hills) ဟုခေါ်ဝေါ်သည် လည်း ဖြစ်နိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ 'ချင်း'ဟူသောအမည်ကို လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇိုလူမျိုးများကိုသာ အခေါ်များပြီး အိန္ဒိယဘက်ရှိဇိုများကိုမူ လူရှိုင်း(သို့) ကူကီးဟူသော အမည်ဖြင့်အခေါ်များပါသည်။ မျက်နှာဖြူများသည် တစ်မျိုးတစ်နွယ်တည်းပေါင်းခေါ်လိုသော အခါများတွင် 'ချင်း-ကူကီ'(Chin-Kuki)'ဟူ၍သော်လည်းကောင်း၊ချင်း-လူရှိုင်း'(Chin-Lushai)ဟူ၍ဖြစ်စေ၊'ချင်း-လူရှိုင်း-ကူကီး'(Chin-Lushai-Kuki)ဟု တစ်ဖြင့်လည်းခေါ်ခဲ့ပါသေးသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဇိုလူမျိုးများကို အုပ်ချုပ်ရန်အတွက် ၁၈၉၆ ခုနှစ်တွင် ရေးဆွဲသော အက်ဥပဒေကို 'Chin Hills Regulation Act' ဟုအလွယ်ပင် အမည်တပ်ခဲ့ပါသည်။ ဤစည်းမျဉ်းဥပဒေကို ချင်းတောင်အပြင် လူရှိုင်း၊ကူကီးနှင့် နာဂ လူမျိုးများနေထိုင်ရာ ဒေသအထိပါ အသုံးပြုခဲ့ပါသည်။
အင်္ဂလိပ်မျက်နှာဖြူများက ချင်း၊ကူကီး၊လူရှိုင်းစသည်ဖြင့် သတ်မှတ်ကြသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် "သူတို့ကိုသူတို့တော့ ချင်းရယ်၊ကူကီးရယ်လို့ 'လုံးဝ' မခေါ်ကြပေဘူး"ဟုပြောစမှတ်ပြုကြပါသည်။ ဂျေဂျီစကော့(J.G Scott)၏ 'Burma' စာအုပ်တွင် "The names Kuki and Chin are not national, and like others, the people do not accept the name given to them by the Burmese and ourselves; they do not call themselves Chins and they equally flout the name of Kuki which their Assamese and Bengali neighbours use. They call themselves Zhou or Shu, and on other parts Yo(Zo) or Lai"ဟုရေးသားထားပြီး၊ ဒေါက်တာ ဂျီအေဂရေဆွန်သည်လည်း အခြားသူများနည်းတူ ရေးသားခဲ့သေး၏။ Bertram S. Carey နှင့် H.N Tuck တို့နှစ်ဦးသည်လည်း Zote, Thadote နှင့် Guite အကြောင်းပူးတွဲရေးသားရာ၌ " These Zos, Thados and Guites are called by the Manipuri's Kuki or Khongjais, who only made their acquaintance after they had migrated north, but the people call themselves by the name of Zo(Yo)"ဟုရေးသားထား၏။ ဂွေးသဲ(Guite)တိုက်သူကြီး(သို့)စော်ဘွား ဦးဂိုခိုထန်(Pu Go Khaw Thang)ကိုလည်း "Go Khaw Thang, who, asalready related, was seized by the Manipuris in the course of the Lushai expedition of 1871-72, was the Zo Chief of Mualpi,"ဟု ဇိုခေါင်းဆောင်းဟူ၍ သုံးနှုန်းထားပါသည်။ မျက်နှာဖြူများက ချင်း၊ကူကီး စသည်ဖြင့် မှတ်တမ်းမှတ်ရာများပြုထားသော်လည်း မိမိတို့သည် ချင်းအမည်ဖြင့်ဖြစ်စေကူကီးအမည်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ မခေါ်ကြကြောင်း ရှင်းလင်းပြတ်သားစွာ သိရှိထားကြပြီးဖြစ်ပါသည်။ အလားတူပင် ဤဆောင်းပါးတွင်လည်း 'ဇိုလူမျိုး'ဟု စတင်အသုံးပြုထားပါသည်။
ဇိုလူမျိုးများကို သုတေသီများက Mongolianအနွယ်၊ Tibeto-Burman အထဲမှ ဖြစ်သည်ဟုဆိုကြပါသည်။ 'Mongol'သည် လူမျိုးနာမည်ဖြစ်ပြီး၊' Mongolian'မှာ ၎င်း၏ နာမ၀ိသေသနဖြစ်ကာ 'Mongolia'ကား နေရာဒေသ(တိုင်ပြည်)အမည်ဖြစ်ပါသည်။ တဖန် 'Mongoloid'သည် 'Mongol' လူမျိုး၏နွယ်ဖွားမှန်သမျှကိုရည်ညွှန်းပါသည်။ ထို့ကြောင့်
ဇိုလူမျိုးများသည် ရူပလက္ခဏာကိုလိုက်၍ ကမ္ဘာ့လူမျိုးကြီးသုံးမျိုးထဲမှ 'Mongoloid'နွယ် နှင့် ဘာသာစကားအရ 'Mongoloid'အနွယ်သုံးမျိုးထဲမှ Tibeto-Burman များဖြစ်ကြပါသည်။
ဇိုလူမျိုးများ၏ မျိုးရိုးဇစ်မြစ်(Ethnic origin)ကို တိတိကျကျ ဖော်ထုတ်ထားခြင်းမရှိသေးသော်လည်း တရုတ်ပြည်မှ တိဘက်ပြည်ကိုဖြတ်ပြီး အညာဒေသသို့ ရောက်ရှိလာကြကာ ထိုမှ ယခုနေထိုင်ရာနေရာများသို့ပျံ့နှံ့နေထိုင်လာကြသည်ဆိုသည်မှာ လက်ခံထားကြပြီးဖြစ်သည်။ ဦးဝုမ်ဆွဏ်(Pu Vum Sin)၏ အမြင်အရ လူမျိုးအမည် 'ဇို'သည် 'ဇို'ဟုခေါ်သောလူတစ်ဦးမှ ဆင်းသက်လာခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ဘိုးတော်ဇိုသည် တရုတ်ပြည်တွင် မျိုးနွယ်တူဖြစ်သော တိဘက်လူ၊ ဗမာ၊ နာဂ၊ ကသဲ၊ဘူဒူ၊
ကချင်၊လာဟူးစသည်တို့နှင့်အတူ နေထိုင်ခဲ့ပါသည်။ ခရစ်တော်မပေါ်မှီကာလတွင် တရုတ်ပြည်မှ ထွက်ခွါလာခဲ့ပြီး ခရစ်တော်ပေါ်ပြီးသောအချိန်၌ ချင်းတွင်းမြစ်ရိုးတလျှောက်၌
နေထိုင်နှင့်ကြပြီးဖြစ်ပါသည် ဟုဆိုပါသည်။
အထက်အညာဒေသမှ ချင်းတောင်တန်းဘက်သို့ပြောင်းရွေ့ကြသည်မှာ အေဒီ ၁,၀၀၀( AD 1,000)ခန့်ကဖြစ်မည်ဟု တွက်ဆထားပါသည်။ တောင်တန်းဒေသသို့ ပြောင်းရွေ့နေ
ထိုင်သွားကြသည့်အထဲမှ အချို့သည် 'ကျိမ်နွဲ'(Ciimnuai)ရွာကိုတည်ကြပါသည်။ ယင်းလူတစ်စုသည် လျက်ရှိတွင် တီးတိန်မြို့နယ်၊တွန်းဇံမြို့နယ်၊ အိန္ဒိယပြည်မှ မဏိပူရပြည်နှင့် မီဇိုရမ်(Manipur and Mizoram)စသော နေရာများတွင်နေထိုင်သော ကျိမ်နွဲဖွား-ဇိုမီးများ ဟူ၍ခေါ်ကြသည့် လူမျိုးများဖြစ်ကြပါသည်။ ကျိမ်နွဲ့ရွာသည် လက်ရှိ တီးတိန်မြို့နယ်၊ ဆိုင်းဇံကျေးရွာအနီးတွင်ရှိပါသည်။ တစ်ချို့က ဆွန်ထလား(Sunthla khua)ရွာ အနီးတွင် 'လိုင်းလွန်း'(Lailun)ရွာကို တည်ခဲ့ကြပြီး ၎င်းတို့သည် ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်နှင့်
ထန်တလန်မြို့နယ်အတွင်းရှိ 'လိုင်'(Lai)(လိုင်းလွန်းဖွား)များဖြစ်ကြပါသည်။ တစ်ချို့ကမူ 'ဆွမ်ပွေး'(Sumpui)အရပ်၌ 'ဘူချွန်း'(Bochung)ရွာ တည်ကြကာ ထိုမှ မီးဇိုပြည် (Mizoram)ဘက်သို့ပြန့်နံ့နေထိုင်ကြပါသည်။ယင်းလူမျိုးများမှာ လူရှိုင်းနွယ်များဖြစ်ကြပါသည်။
ပြောင်းရွေ့ခြင်းမရှိသော ဇိုလူမျိုးတစ်ချို့သည် ယောနယ်တွင် ကျန်ခဲ့ကြပြီး ဗမာလူမျိုးများနှင့် ရောပြွမ်းနေထိုင်ကြသဖြင့် ဗမာမပီ၊ ဇိုမမည် လူမျိုးများဖြစ်လာကြပါသည်။ ဗမာလူမျိုးများက 'ဇို'ကို 'ယော' ဟုရေးခဲ့ကြသောကြောင့် 'ယောလူမျိုး'ဖြစ်လာခဲ့ကြပါသည်။ ဇိုလူမျိုးများ ချင်းတောင်ဒေသသို့ အလုံးအရင်းဖြင့်မပြောင်းရွေ့မှီကာလတွင် 'ခူမီး'(Khumi/khami)များရောက်နှင့်နေ ဟန်ရှိပါသည်။ အရှို(Asho)များသည် တောင်တန်းဘက်သို့ပြောင်းရွေ့ခြင်းမရှိပဲ မြေပြန့်ဒေသနှင့် ရခိုင်ဒေသဘက်သို့ရွေ့သွားကြပါ သည်။ ချို(Cho) မူကား မည်သို့မည်ပုံ ပြောင်းရွေ့နေထိုင်သည်ကို မသိရှိပါ။
ဤသို့ဖြင့် ဇိုလူမျိုးများသည် တခြားမျိုးနွယ်များက အမျိုးမျိုးသောခေါ်ဝေါ်မှုကြောင့်ဖြစ်စေ၊ ပြောင်းရွေ့နေထိုင်ရာ ကွဲပြားမှုကြောင့်ဖြစ်စေ ယနေ့တွင် တစ်နွယ်ဖွားအဖြစ်မှ များ
စွာသော မျိုးနွယ်ဘ၀သို့ ရောက်ရှိခဲ့ရရှာပါသည်။ ဤကဲ့သို့ အမျိုးမျိုးသောနွယ်ဖွားဖြစ်ခဲ့ရသည်မှာ ရှေးကာလ ကတည်းက တစ်မျိုးနွယ်တည်းဖြစ်ခဲ့ပြီး တဖြည်းဖြည်းခြင်း ကွဲ
ပြားလာသည်လော သို့တည်းမဟုတ် ယခင်ခေတ်မှစ၍ နွယ်ဖွားအသီးသီးမှဖြစ်ပြီး တဖြည်းဖြည်း သွေးစည်းလာကြသည်လော ဆိုသည်ကို လေးနက်စွာ နှလုံးသွင်းသုံးသပ်သင့်
သော ကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါသည်။
*Khup*
*Secretary
*International Save The Bird Inc.*
*ph +60104311451
0 comments :
Post a Comment